cf

Thursday, May 23, 2013

◄ပြန်ချစ်မယ်နေ့  ►

မင်းဘေးက ဘဲတွေကိုရော ညည်းလွတ်ရဲ လား...

မင်းဖက်က အော်တာ ငေါက်တာတွေလည်း...

ငါသည်းခံနားလည်ခွင့်လွှတ်ပေးမယ်...

အေးစက်စက်ဖြစ်ပီး...မင်းချစ်နေတာ...

သွေးပျက်အောင် ချစ်နေရတဲ့ငါ့အဖြစ်ကလည်း...

ဘယ်တော့များမှ..အဆုံးသတ်မှာလဲ....

ကန်ဘောင်သွားရင်အတွဲတွေကို ငေးကြည့်မိတယ်....

သူများအတွဲတွေပျော်နေတာကိုပါ...

မင်း...ပါးစပ်ကသာပြောနေတာ...

မင်းရင်ထဲမှာ ချစ်တယ်ဆိုတာ ရှိလား...

အခုလိုက်ပီး...အခုကြိုက်တက်တဲ့ ဘဲလည်းမပာုတ်ဘူး...

မင်းကတော့ ကမ္ဘာတစ်ဖက်မှာ...ချာတိတ်တွေနဲ့ တရုန်းရုန်းပါကွာ...

မင်းရဲ့ အချစ်က ငါ့ရဲ့ စိတ်ကို ထိန်းချုပ်ထားတယ်...

မင်းဘေးကဘဲတွေကိုရောဖြတ်နိုင်ရဲ့ လား...

လေပြေလေညင်းလေးတွေနဲ့ ချက်တင်ထဲမှာ....

နင်ငါ့ကိုချစ်မဲ့နေ့ ကိုစောင့်နေပီး...

မင်းလိုအပ်မယ်ဆိုရင်...ငါ့ဝိဥာဏ်ပါခေါ်ပေးထားမယ်....


Nayye` (D.D.K)

No comments:

Post a Comment